ပဲတီစိမ်း
ပဲတီစိမ်းစိုက်တောင်သူဦးကြီးများအတွက် ပဲတီစိမ်း သက်တမ်းအလိုက်၊ ပိုးမွှား ရောဂါအလိုက် အသုံးပြုသင့်သော မြန်မာ့သြဘာ ထုတ်ကုန်များကို အောက်တွင် ရှာဖွေနိုင်ပါသည်။
စိုက်ပျိုးနည်း အပြည့်အစုံ
မျိုး
အထွက်နှုန်းကောင်းသော ပဲတီရွှေဝါ၊ ရွှေဝါရောင် မိုစေ့ကို ခံနိုင်သော ရေဆင်း (၁၁)၊ ရေဆင်း (၁၂)၊ TBL 9မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ မစိုက်မီသြဘာ မျိုးစေ့လူးနယ်ဆေး ဖြင့် လူးနယ်ပြီး စိုက်ခြင်းသည် အပင်ပေါက်ခါစ ပိုးမွှား ရောဂါကျရောက်မှုကို ကြိုတင်ကာကွယ်နိုင်ပါသည်။စိုက်စနစ်
မိုးကြိုနှင့် မိုးနှောင်းရာသီတွင် တစ်ဧကလျှင် အပင်ဦးရေ တစ်သိန်းသုံးသောင်း ရရှိရန်နှင့် မိုးရာသီတွင် ၈၇၀၀၀ မှ ၉၀၀၀၀ ဝင်အောင် စိုက်ရပါမည်။ မိုးကြို – မိုးနှောင်း – ၁ လက်မ × ၄ လက်မ မိုး – ၁.၅ လက်မ × ၄ လက်မစိုက်ချိန်
မိုးကြို – ဖေဖော်ဝါရီ-မတ်လ အပြီးစိုက်ပါ။ မိုး – သြဂုတ်လ မိုးနှောင်း – အောက်တိုဘာ-နိုဝင်ဘာ။မြေသြဇာသုံးစွဲခြင်း
မြေခံ ကတည်းက ရွှေကောမက် ပဲမျိုးစုံ နှင့် ကောမက် ဂျစ်ပ်ဆမ် သုံးပါ။ ပဲစိုက်ပြီး (၁၀-၁၅) ရက်သားမှ စ၍ ကောမက်ရွှေမိုးငွေမိုးကို ရွက်ဖျန်းမြေသြဇာကို (၁၀) ရက်ခြား ဖျန်းပေးပါ။ ပန်းပွင့်ချိန် ရောက်ပါက တင်ပို + ကောမက်ပီဖိုလန်ဖျန်းပေးပါ။ပေါင်းသတ်ဆေး အသုံးပြုခြင်း
ပေါင်းသတ်ဆေးဖျန်းရာတွင် ပဲခင်းများအတွင်း အစိုဓာတ်အနည်းငယ်ရှိပါက ပိုမို ထိရောက်ပါသည်။ ဆေးမဖျန်းမီနှင့် ဆေးဖျန်ပြီး မြေသြဇာကျွေးခြင်း၊ ရွက်ဖျန်းမြေသြဇာနှင့် ဆေးဖျန်းခြင်းများ မပြုလုပ်သင့်ပါ။ ဆေးဖျော်စပ်ရာတွင် ရေကြည်၊ ရေသန့်ကိုသာ အသုံးပြုသင့်ပါသည်။ ၁။ ဟက်ကာ ပဲမျိုးစုံတွင် ပေါက်သော ရွက်ပြန့်ပေါင်းနှင့် မြက်ပေါင်းများကို ရွေးချယ်သတ်ပေးနိုင်သည်။ ပေါင်းပင် အရွက် (၂-၄) ရွက် ထွက်ချိန်တွင် အသုံးပြုလျှင် အထိရောက်ဆုံး ဖြစ်သည်။ ဟက်ကာသည် ပေါင်းပင်၊ အရွက်၊ အမြစ်၊ ပင်စည်မှ စိမ့်ဝင်သတ်နိုင်သောကြောင့် မြေအစိုဓာတ် ကောင်း၍ပေါင်းမြက်စုံချိန်တွင် ဖျန်းလျှင် ပိုမိုထိရောက်သည်။ ၂။ ဖော်ဝမ်း မတ်ပဲ၊ ပဲတီးစိမ်း၊ ပဲပုပ်သီးနှံများတွင် ပေါက်သော ရွက်ပြန့်ပေါင်းများကို ရွေးချယ်သတ်ပေးနိုင်သည်။ ထိသေဆေးဖြစ်၍ ပေါင်းပင် အစိတ်အပိုင်း အားလုံးကို ဆေးထိအောင် နှံ့နှံ့စပ်စပ် ပက်ဖျန်းမှ ထိရောက်သည်။ ပေါင်းပင်ငယ်စဉ်သုံးလျှင် ပို၍ ထိရောက်သည်။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်မှလွဲ၍ အခြားသီးနှံများတွင် အသုံးမပြုသင့်ပါ။ ၃။ဖော်ကျွန်း ပဲမျိုးစုံ၊ မြေပဲ၊ ဝါ၊ ဖရဲ၊ ဟင်းသီးဟင်းရွက်သီးနှံများတွင် ပေါက်သော မြက်ပေါင်းများကို ထိရောက်စွာ နှိမ်နှင်းနိုင်သည့် ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။ ပေါင်းပင်အရွက် (၃-၅) ရွက် ထွက်ချိန်တွင် အသုံးပြုပါ။ ဂျုံနှင့် ပြောင်းတို့တွင် မသုံးရပါ။ရိတ်သိမ်းခြင်း
ပဲတီစိမ်းတောင့်များ အစိမ်းရောင်မှ (၇၅%) အထိ အရောင်ပြောင်းချိန်တွင် အသီးများကို ခူးဆွတ်ပါ။ ပဲမျိုးစုံတွင် သုံးစွဲသင့်သော အရွက်ဖျန်း မြေသြဇာများနှင့် ဟော်မုန်းဆေးများ ပဲမျိုးစုံတွင် အပင်ပေါက်ပြီး (၂) ပတ်သားမှ ပွင့်ဖူး မဝင်မီအထိ ကောမက်ရွှေမိုးငွေမိုးကို (၇-၁၀) ရက်ခြား တစ်ကြိမ် ဖျန်းပါ။ ကုန်းကျသော နေရာ၊ချိုင့်ကျသောနေရာတွင် အပင်များပု၍ ကျန်နေပါက ၎င်းနေရာတစ်ဝိုက်တွင် (၃-၅) ရက်ခြား တစ်ကြိမ်ဖြင့် (၂-၃) ကြိမ် သီးသန့်ဖျန်းပေးလျှင်တစ်ကွက်လုံး ပုံမှန်ကြီးထွား သန်စွမ်းမှုကို ရရှိစေပါသည်။ ပွင့်ဖူးဝင်ချိန်မှ အစေ့တည်ချိန်ထိ တင်ပို နှင့် ကောမက်ပီဖိုလန် တို့ကို (၇-၁၀)ရက်ခြား တစ်ကြိမ်ဖျန်းပါက မျိုးကူးစပ်မှုအောင်မြင်၍ အစေ့များခြင်း၊ အလေးချိန်စီးခြင်းကြောင့် အထွက်တိုးစေပါသည်။ ပဲတီစိမ်းကဲ့သို့ အကြိမ်ကြိမ်ခွဲကောက်ရသော ပဲမျိုးတွင် ပဲတစ်ကြိမ်ကောက်ပြီးတိုင်း ကောမက်ပလပ်စ် နှင့် မိုရယ်လ်မုန်း၊ ကောမက်ထရေစ့် ရော၍ဖျန်းပါက ပဲကောက်ရသည့်အကြိမ်တိုးပြီး အထွက်ပါတိုးစေပါသည်။ ပန်းပွင့်ချိန်တွင် ပင်ပိုင်းကြီးထွားမှုများ၍ အပင်ဟုန်နေပါက ဂိုးလ် ၅၀ အက်စ်စီကို မဖြစ်မနေ ဖျန်းပေးပါကအပွင့်၊ အသီး၊ အစေ့များများ တင်စေပြီး အထွက်တိုးစေပါသည်။ ပဲမျိုးစုံတွင် အသုံးပြုသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ရွက်ဖျန်း မြေသြဇာများပက်ဖျန်းတိုင်း ၎င်းတို့၏ အာနိသင် ပိုမိုထူးကဲစွာ ရရှိစေရန်အတွက် ဝမ်းဒါး ပြန့်ဆေး၊ ကပ်ဆေးကို မဖြစ်မနေ ပူးတွဲအသုံးပြုပါ။မြေသြဇာ အသုံးပြုရန်အတွက်
မြေခံ
တစ်ဧကလျှင် ရွှေကောမက် ပဲမျိုးစုံ (၂၅-၅၀) ကီလို နှင့် ကောမက် ဂျစ်ပ်ဆမ်(၂၅-၅၀) ကီလို အသုံးပြုပါ။
ပေါင်းသတ်ဆေး အသုံးပြုရန်အတွက်
မြက်ပေါင်းများပေါက်လျှင်
ပဲ အပင်ပေါက်ပြီး ၇ ရက်မှာ ၃၀ ရက်သားအတွင်းသုံးနိုင်သည်။ ပေါင်းပင် နုစဥ် သုံးနိုင်ပါက အကောင်းဆုံးဖြစ်သည်။ ပဲပင်ပေါက်ကာစ အရွက် ၂ ရွက်စတင်ထွက်ချိန်တွင် ဖော်ကျွန်းပေါင်းသတ်ဆေးကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၃၀ စီစီနှုန်းဖျန်းပါ။ ပေါင်းရင့်လျှင် ၅၀ စီစီနှုန်းဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း
ရွက်ပြန့် မုန်ညင်းပေါင်းများပေါက်လျှင်
ပဲ အပင်ပေါက်ပြီး ၇ ရက်မှာ ၃၀ ရက်သားအတွင်းသုံးနိုင်သည်။ ပေါင်းပင်နုစဥ် သုံးနိုင်ပါက အကောင်းဆုံးဖြစ်သည်။ ပဲပင်ပေါက်ကာစ အရွက် ၂ ရွက်စတင်ထွက်ချိန်တွင် ဖော်ဝမ်း ပေါင်းသတ်ဆေး ကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၃၀ စီစီနှုန်းဖျန်းပါ။ပေါင်းရင့်လျှင် ၅၀ စီစီနှုန်းဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ဖော်ဝမ်း
မြက် မုန်ညင်း ရွက်ပြန့် ပေါင်းမျိူးစုံပေါက်လျှင်
ပဲ အပင်ပေါက်ပြီး ၇ ရက်မှာ ၃၀ ရက်သားအတွင်းသုံးနိုင်သည်။ ပေါင်းပင် နုစဥ် သုံးနိုင်ပါက အကောင်းဆုံးဖြစ်သည်။ပဲပင်ပေါက်ကာစ အရွက် ၂ ရွက်စတင်ထွက်ချိန်တွင် ဖော်ကျွန်း+ဖော်ဝမ်း ပေါင်းသတ်ဆေး ကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၃၀ စီစီနှုန်းစီဖြင့်ရောစပ်ဖျန်းပါ။ ပေါင်းရင့်လျှင် ၅၀ စီစီနှုန်းဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း , ဖော်ဝမ်း
မှိုသတ်ဆေး အသုံးပြုရန်အတွက်
ရွက်ပြောက်ရောဂါ
ဆေးတစ်ပုံးလျင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် တစ်ဧက ၅ ပုံး ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
ပင်စည်ပုပ်ရောဂါ/ပင်ခြေပုပ်ရောဂါ/ခါးရိ
ဆေးတစ်ပုံးလျင် ရီဗိုက် ၃၀စီစီ အားအပင်ခြေထိ နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ရီဗိုက်
ဖျူစေရီယမ်ပင်ညှိုးရောဂါ
မြစ်ခြောက်ဆွေးရောဂါ
သံချေးရောဂါ
ဆေးတစ်ပုံးလျင် ယူနတီ၂၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
ဖားဥမှိုရောဂါ
ကာကွယ်လိုပါက ကလောက်ဒီ ဆေးတစ်ပုံးလျှင် ၄၀ ဂရမ် နှုန်းဖျန်းပါ၊ ရောဂါ ကျရောက်ပါက ဆေးတစ်ပုံးလျင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
သီးတောင့်ပုပ်ရောဂါ
ဆေးတစ်ပုံးလျင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း – ယူနတီ
မှဲ့ပြောက်စွန်းရောဂါ
ပိုးသတ်ဆေး အသုံးပြုရန်အတွက်
ငမြောင်တောင်
ပွင့်ထွေးပိုး နှင့် ပဲတောင့်ထိုးပိုး
ပျ ၊ ယင်ဖြူ
ပဲဂျပိုးစိမ်း
လှေးပိုး
ပိုးစေးနဲ
ဆေးတစ်ပုံးလျှင် ဆပ်ပြာမှုန့် ၂ ဇွန်း + ဒီမွန် ၁.၈ ၂၀ စီစီ + ပိုင်ဒီ ၁၀ ဂရမ် ရောစပ် အသုံးပြုပါ။
အသုံးပြုရမည့်ပစ္စည်း- ဒီမွန်, ပိုင်ဒီ
ရွက်ဖြန်းအားဆေး အသုံးပြုရန်အတွက်
အပင်ကြီးထွားစေရန်
ဆေးတစ်ပုံးလျှင် ကောမက် ရွေမိုး ၂၅စီစီ + ကောမက်ငွေမိုး ၂၅ စီစီ ရောစပ်၍ ၁၅ ရက်သားမှ စတင်၍ ၂ ကြိမ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- ကောမက် ရွေမိုး, ကောမက်ငွေမိုး
အသီး၊အပွင့်များစေရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်ပီဖိုလန် ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်
အသီးအောင်စေရန်အတွက်သုံးစွဲရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်ပီဖိုလန် ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်
ရေငတ်ဒဏ်နှင့် ရောဂါဒဏ်ခံ နိုင်ရည်ရှိစေရန်
ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်အားကောင်း (ပဲတီစိမ်း၊ မတ်ပဲ) ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။
အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်အားကောင်း
အပင်ဟုန်ခြင်းကိုကာကွယ်၍ အသီး ကြီးထွားမှုကိုအားပေးစေရန်
ဆေးတစ်ပုံးလျှင် ဂိုးလ် ၄၀ စီစီ သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- ဂိုးလ်
သုံးစွဲသောဆေးများကို အာနိသင်ပိုကောင်းစေရန်
ဆေးတစ်ပုံးလျှင် ဝမ်းဒါး (ကော်ရည်) ၁၀ စီစီ သုံးပါ။
အသုံးပြုရမည့်ပစ္စည်း- ဝမ်းဒါး
