ပရိုပါ

ဒေါင်းနီး၊ နှောင်းပင်နာကျ(လောင်မဲ) နှင့် အခြားမှိုရောဂါသတ်ဆေး

Peoper
ဆေးအမည်
ပရိုပါ ၇၂ အက်စ်အယ်လ်
အစွမ်းရှိပစ္စည်း

Propamocarb hydrochloride 72 %

ဆေးအမျိုးအစား

ပင်လုံးပြန့်မှိုသတ်ဆေး

သုံးစွဲနိုင်သော သီးနှံများ

နှမ်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲမျိုးစုံ၊ ဖရဲ၊ သခွား၊ စပျစ်၊အာလူး၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ကြက်သွန်၊ ပန်းမာန် နှင့် ဟင်းသီးဟင်းရွက်များ။

သုံးစွဲရမည့် အချိန်

ရောဂါစတင်ကျရောက်ချိန်မှ အပင်သက်တမ်းတစ်လျှောက်လုံးအသုံးပြုနိုင်သည်။

ဆေးအာနိသင်ပြန့်နှံ့ပုံ

ကာကွယ်ခြင်းနှင့် ကုသခြင်း အာနိသင် ရှိပြီး ပင်လုံးပြန့် မှိုသတ်ဆေး ဖြစ်သောကြောင့် အမြစ် အရွက်များမှ ပြန့်နှံ့စေပါသည်။ အပင်အတွင်း မှိုရဲ့ Lipid ချက်လုပ်ခြင်း ကိုတားဆီးပါသည်။

နှုန်းထား
  • ရေ ၂၀ လီတာ ဝင်ဆေးဖျန်းပုံးတစ်ပုံးတွင် ၃၀ – ၆၀ စီစီ ထည့်သွင်းပြီး တစ်ဧကလျှင် ၁၅၀ – ၃၀၀ စီစီဖြင့် ၅-၈ ပုံးအသုံးပြုပါ။
  • ရောဂါကျရောက်မှုဆိုးရွားပါက ၅ ရက်ခြား ၂ကြိမ်ဖျန်းပေးရမည်။
သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက်

၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။

အဓိကအကျိုးကျေးဇူးများ
  • မှိုသတ်ဆေးဒဏ် ခံနိုင်ရည်ရှိနေသော ဒေါင်းနီးရောဂါ နှောင်းပင်နာကျရောဂါများအတွက် အကောင်းဆုံးဆေးဖြစ်သည်။
  • ဆေးယဥ်ပါးမှုမှ ကာကွယ်နိုင်ရန်အတွက် ထိသေမှိုသတ်ဆေး ( ဥပမာ- မန်ကိုမဂ်/ ဇီဖလို) တစ်ခုခုဖြင့် နှုန်းထားအတိုင်းတွဲဖျန်းပါ။
Relate Products

ဆက်စပ် ထုတ်ကုန်များ

Relate Crops

သက်ဆိုင်ရာ သီးနှံများ